Thursday 18 August 2011

အရမ်းသတိရနေတယ်

သတိရတိုင်း နားထောင်နေတဲ့သီချင်းတွေရှိပါတယ် 
မြင်ချင်တိုင်း ကြည့်နေနိုင်ဖို့ ဓာတ်ပုံတွေလည်းရှိပါတယ် 
တမ်းတတိုင်း ပြန်ဖက်လို့ရတဲ့ စာတွေလည်းရှိပါတယ်


ဒါပေမယ့်
သတိရတိုင်း မင်းပြောမယ့် စကားများ နားထောင်ချင်သူပါ
မြင်ချင်တိုင်း ပါးပြင်မှာ မှဲ့လေးနဲ့ မင်းမျက်နှာကိုသာ တွေ့ ချင်နေသူပါ 
တမ်းတတိုင်း မင်းရှိရာ အပြေးလာချင်နေသူပါ

ဒါပေမယ့် ငါ့ရဲ့ စိတ်ဆန္ဒတွေသပ်သပ်အဆာမပြေတဲ့ စိတ်ကူးတွေပါ
အပြင်မှာတော့ ငါက ဘာမှမလုပ်နိုင်သလို လက်တွေ့ မှာလည်း တို့ တွေ ဝေးနေဆဲ .. ဝေးနေမြဲ


မေ့လို့ မရအောင် ဖြစ်နေလို့ မစဉ်းစားပဲနေတယ်
ဒါပေမယ့် အရမ်းသတိ၇တယ်

မေ့လို့ မရအောင် ဖြစ်နေလို့  ပင်လယ်မှာ တစ်ယောက်ထဲ လမ်းလျှောက်မိပါတယ်
ဒါပေမယ့် အ၇မ်းသတိရတယ်
မေ့အောင်လို့  မတွေ့ မမြင်အောင်နေတယ်

ဒါပေမယ့် အ၇မ်းသတိရတယ်
မေ့အောင်လို့ အလုပ်တွေ ဖိလုပ်တယ်
ဒါပေမယ့် အ၇မ်းသတိရတယ်
မေ့အောင်လို့ အကြာကြီးရေချိုးတယ် 

ဒါပေမယ့် အ၇မ်းသတိရတယ်
မေ့အောင်လို့  အကြိမ်ကြိမ် အခါခါ အတိတ်မေ့နေချင်တယ်
ဒါပေမယ့် ငါ အရမ်းသတိရနေတယ်
 ငါ အရမ်းသတိရနေတယ် 

ငါ အရမ်းသတိရနေပါတယ် ..... ။