Saturday 11 June 2011

ဘာမှန်းမသိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ

ဘာမှန်းမသိတဲ့ ကောင်လေးတစ်ယောက်ကဘာမှန်းမသိတဲ့
လင့်လေးတစ်ခုကိုပို့လိုက်တာ ဘာမှန်းသိတဲ့ မမက စိတ်ဆိုးသွားတယ်
တစ်ချိန်ကသူငယ်ချင်းသုံးယောက်ရှိတယ် အရမ်းခင်တယ်လို့ယူဆခဲ့တယ်
အရမ်းလည်းခင်ပါ တယ် ပြောမနာဆိုမနာလို့ပြောရမှာပေါ့
အဲဒီမှာဘာမှန်မသိတဲ့ လင့်လေးတစ်ခုကြောင့် ဘာမှန်းမသိလိုက်ရပဲ
ဝေးသွားခဲ့တယ် ခင်မင်မူပျက်ခဲ့ရတယ် အဲထဲမှာဘာမှမသိလိုက်တဲ့
သက်ထွန်းကအစစ်ပါသွားတယ် ဘာမှန်းမသိလို့ပို့လိုက်တာ ပါ
ဘာမှန်းသိတဲ့သူတစ်ယောက်ရဲ့အမုန်းကိုလက်ခံဖို့အတွက်ဆိုဘာမှန်းမသိတဲ့ဟာကိုမပို့လိုက်ပါဘူး
အဲဒါဘာမှန်းမသိလို့ပါ ကျွန်တော်တကယ်ဘာမှန်းမသိတာပါ
ခွင့်လွှတ်ဖို့တောင်းပန်ပါတယ် နောက်အဲလိုမဖြစ်စေရဘူးလို့ကတိပေးတယ်နော်
ကျွန်တော်မမကိုကတိပေးတာဒါနဲ့ဆိုနှစ်ခါရှိပြီကျွန်တော်တို့
ကဘာမှန်းမသိပဲလုပ်လိုက်တဲ့ အကြောင်းကြောင့်ဘာမှမသိပဲဘလော့ခံခဲ့ရပါတယ်
ဘာမှန်းသိလိုက်ရတာကတော့ မမကိုနေ့တိုင်းလွမ်းနေမိတာပါပဲ
ဘာမှန်းမသိတဲ့သူတစ်ယောက်ကို ဘာမှန်းသိလိုက်တဲ့မမက
စိတ်ဆိုးတာပြေစေချင်ကြောင်းတောင်ပန်ပါတယ် မမရယ်

                                   ဘာမှန်းမသိတဲ့ ကောင်လေးကို
နာလည်ပေးစေချင်ပါတယ် ဘာမှန်းသိတဲ့မမတစ်ယောက်အနေနဲ့ပေါ့
ဘာမှမဟုတ်တဲ့လင့်လေးတစ်ခုကြောင့် ဘာမှန်းမသိတဲ့ကောင်လေး
တစ်ယောက်ကိုခွင့်လွှတ်ပေးပါတော့လို့တောင်းပန်ပါတယ်
ကျွန်တော်မခံစားနိုင်တော့ဘူးမမရယ် ကျွန်တော်မမကိုသတိရတယ်

( ဘာမှန်းမသိတဲ့  ပုံပြင်လေးကို ဘာမှန်းမသိဖက်ပြီး ဘာမှန်းတော့သိတဲ့ စိတ်နဲ့ ပြုံးဖြစ်အောင်ပြုံးမိတယ် .... မှတ်မှတ်ရရ ဘာမှန်းမသိတဲ့ လင့်ကို ဘယ်လို ပိတ်ရတယ်မသိတော့အောင် ခေါင်းစားအောင်ပို့ ဖူးတယ် ... နောက်တစ်ခါ ဘာမှန်းမသိတဲ့ သီချင်းတွေကို ဘယ်လိုပို့ရမယ်သင်နေတုန်း ဘာမှန်းမသိအောင်လင့် တစ်ခုကို မှားပို့ ပြန်တယ် ... ဘာမှန်မသိစိတ်ဆိုးတာမဟုတ်ပေမယ့် ဘာမှန်းသိတဲ့ ခင်မင်မှုက ရပ်လို့ မရပြန်ဘူး ...... ဘာမှန်းသိတာကတော့ စိတ်ဆိုးတာပြေအောင်စာပို့ ပေးနိုင်တဲ့ ဘာမှန်းမသိတဲ့ ကောင်လေး နဲ့ ခင်တာတော်တော်ကြာနေပါပြီး ... ဘာမှန်းမသိခင်တာမဟုတ်ပေမယ့် ဘာမှန်းသိအောင် ခင်မိအောင် ဘာမှန်းမသိတဲ့ ကောင်လေးက သူကို ခင်တာကိုတောင်သူက မသိပါဘူး ..

ဘာမှန်းမမှတ်မိတော့တဲ့ နေ့ထဲက ခင်လာတဲ့ ခင်မင်မှုတွေ ဘာမှန်းသိတဲ့ နေ့ တွေ အထိခင်ချင်သူမို့  ဘာမှန်းမသိတဲ့ ပုံပြင်လေးကို သိမ်းထားမိတယ် ... ဘာမှန်းမသိတဲ့ ကောင်လေးကို လည်းမပြောပြရသေးဘူး ဒီစာတင်လိုက်တာကို .... ခွင့်မတောင်းပဲ တင်လိုက်မိတာပေမယ့် ဘာမှန်းမသိခွင့်လွှတ်မယ်မဟုတ်လား ... ဘာမှန်းမသိတဲ့ သခင်လွန်းမောင်  ( သို့ မဟုတ် ) ရဲဝင်း ကို တကယ်ခင်ပါတယ် လို့  မှတ်တမ်းလေးသိမ်းချင်လို့  တင်လိုက်တာပါ .............. နောက်ဆို ဘာမှန်းမသိရင် ဘာမှ မလုပ်နဲ့ တော့ နော် )

Sunday 5 June 2011

အလွမ်းက ခါးတယ်

                ငါတို့ တစ်ယောက်ကို တစ်ယောက် မမုန်းနိုင်ပဲ ကျောခိုင်းရတာ ရင်နာဖို့ ကောင်းပါတယ် ။။ နင်အဲလို ထားခဲ့မယ်လည်းသိနှင့်နေပါတယ် .. ဝေဒနာဆိုပေမယ့် ငါက မက်မောတယ် ။ တွယ်တာမိသူမို့ လည်း နှစ်သက်စွာလိုလားတယ် နင့် နှလုံးသားကို ငါပိုင်ရမှ ငါ့အချစ်ကို နင်ရနေမှမဟုတ်ပါဘူး ။ ငါ အသက်ရှင်ရပ်တည်မှုတိုင်း မှာ နင်က ကပ်လိုက်နေတယ် ။ ထပ်တူမဟုတ်ပေမယ့် နင့် အသက်ရှသံလေး ငါ ကြားချင်နေသေးတယ် ။ ဘယ်လိုလဲ .... နင်ရယ် ... အချစ်က ချိုတယ် အလွမ်းလည်း ချိုပါတယ် ပြောမိတာလေးနဲ့  ငါ့ကို အလွမ်းဆိုတာ  အရမ်းခါးပါတယ် မှန်းသိအောင် ဒီလို လုပ်ရက်တယ်လို့  ဟာ ...... ။

                အမုန်းပဲ ခါးသီးတာ ခါးသက်တာပါ ။ ငါ တို့ ဆွေးနွေးတဲ့ အကြောင်းမှာ အမုန်းမှ မရှိခဲ့တာဟာ .. နင်ကို ငါ ချစ်နိုင်တာ ထက်ပိုမချစ်ပါဘူး .. ချစ်လို့ရတဲ့ အတိုင်းအတာနဲ့ပဲ ချစ်မိသူမို့  နင်ပေးသမျှ အလွမ်းတိုင်း ငါ့အတွက် လွတ်လပ်စွာ ခံစားရင် ချိုမြိန်ပါတယ် ။ အချစ်ဆိုတာ ကိုယ်တွေ့ ကြုံရတဲ့ ပေါ်မူတည်ပြီး ပြောကြတာ မဟုတ်လား ။ ပေးဆပ်တဲ့ အချစ် နဲ့ ချစ်လိုက်ရတဲ့သူကလည်း ပေးဆပ်တာ အချစ်တဲ့ ။ ရယူပိုင်ဆိုင်လိုတဲ့စိတ်နဲ့ ချစ်တော့လည်း ရယူဖို့ ပဲ အချစ်ဟာ ..  မြင်မြင်ချင်းချစ်မိတော့လည်း မြင်တာနဲ့စွဲလန်းလိုက်ရတာ အချစ်ပေါ့တဲ့ ....... ငါလို အလွမ်းအဆွေးနဲ့ ချစ်ရတာ ကရော ဘာလို အချစ်လဲလို့   နင့်ကို မမေးတော့ပါဘူး ဟာ...။

              နင်နဲ့မှ နားထောင်ဖြစ်ခဲ့တဲ့ မျိုးကြီး  ရဲ့   “ ရင်ခုန်စရာ ရှခင်း ” သီချင်းလို ချစ်သောသူနဲ့ ဘယ်သူများဝေးချင်မလဲ ဆိုတာ နင်ကိုယ်တိုင်းခံစားရသလို ပို့ လိုက်တဲ့သီချင်းမို့  ငါလည်း ထပ်တူခံစားပါတယ် ။ ကြယ်တွေ ကြွေတိုင်းလည်းဆုတောင်းတယ် ။ နင်ပြောသလို အလွမ်းက ခါးတယ်ဆိုတာ သက်သေပြဖို့  တို့ နှစ်ယောက် အဲလို ဝေးနေဖို့ မလိုဘူးလေ ။ နင်နဲ့ အဲလို လွမ်းရတာ ငါ မောနေပြီး ။ နင်ပြောဖူးတဲ့ အကြောက်ဆုံးဆိုတာ ကြောက်ရမှာ အကြောက်ဆုံးလို့  နင်ဖြေတာလေ .. နင်ကြောက်ရမှာ အလွမ်းပါ တကယ်က ။ နင်သိသင့်တယ် နင်လုပ်နိုင်သလောက်တော့ လုပ်ပါဟာ နေနိုင်သလောက်နေပေါ့နော် ..

                 အဲလို အလွမ်းက ချိုပါတယ် ပြောတာလေးနဲ့ စိတ်ကောက်စရာလား ဟာ .. ။ ဘယ်လို မှ မတွေ့နိုင်ရင်တောင် ၁၁ နာ၇ီလုံးစကားတွေ ပြောခဲ့ကြတယ် ။ ၃၀၄၈ ကြောင်း စာကြောင်းတွေ အလွမ်းနဲ့ ရှိနေကြတယ် .. ။ မမေ့နိုင်စရာ သီချင်းတွေ ရှိတယ် ..။ အခါခါပြန်နားထောင်လို့ ရတဲ့ Voice Mail တွေ အများကြီးရှိတယ် ။ လွမ်းတိုင်းကြည့်ဖို့  ဓာတ်ပုံလည်းရှိတယ် ။ ငါက ကျေနပ်တယ်လေ ။ နင်ရော ခံစားနိုင်ပါ၇ဲ့လား ... နင်က ခံနိုင်ရည်ရှိတယ်လို့  ငါ့ကို အမြဲ ပြောခဲ့သူပဲလေ .. နင်ခံနိုင်ရည်ရှိမှာပါ .. နင်သိတဲ့ အတိုင်းပဲ ငါပဲ မခံနိုင်တာ ခံနိုင်ရည်ရှိဖို့ အမြဲ ကြိုးစားနေရတာလေ .. နင်ပျော်ပါစေ လို့ ဆုတောင်းတိုင်း ငါ ငိုနေတယ် ..။

                   ငါ ငိုသံတိုင်းကို ကြောက်တယ် ဆိုတာ ဘာကြောင့်လဲ ။ ငါလည်းမငိုချင်ဘူး ။ ဒါပေမယ့် ငိုလိုက်မှ ပေါ့မယ့်အရာဆို ငိုလိုက်တာ ကောင်းတယ် ။ ငိုကြွေးတယ်ဆိုတာ အပြစ်ရှိလို့  နင်ပြောပြန်တယ် ငါ့ကို ။ မတတ်နိုင်ဘူး ဟာ ......... ။ အပြစ်ရယ် မဟုတ်ပေမယ့် အချစ်အတွက်တော့ လူတိုင်း ငိုဖူးပါတယ် .. ဒါဆို ငါလည်း ငိုတာ တရားပါတယ်နော် ။ ငါလွမ်းတယ် ဟာ ။ အကြိမ်ကြိမ်အခါခါ အဲအလွမ်းထဲမှာ ပြန်ခံစားရင် တစ်ကိုယ်တည်း ကြိတ်မှိတ်ဆွေး ငါကောင်းကောင်း နေတတ် အသားကျနေပြီး ...။
နင်လည်း နင့် နှလုံးသားကို မလိမ်တဲ့နေ့ ကြရင် ငါ ကို အပြူံး တစ်ပွင့်လောက်လက်ဆောင်ပေးသင့်ပါတယ် ။ ငါ အမြဲ ပြောတယ်လေ ... နင်မေ့နေတာလား ငါ့ကို မသနားနဲလို့  နင်က နင့် ရင်ဘတ်နာတာကို မေ့ဟန်လုပ်ပြီး ငါ့ ရင် က ဒဏ်ရာကိုတော့ ဆေးထည့်ပေးသူ ဖြစ်နေတယ် ။ နင် ငါ့ကို မသနားလိုက်ပါနဲ့ ။ ငါ ခံနိုင်ရည်မရှိလို့ ပါ ။