Sunday 5 June 2011

အလွမ်းက ခါးတယ်

                ငါတို့ တစ်ယောက်ကို တစ်ယောက် မမုန်းနိုင်ပဲ ကျောခိုင်းရတာ ရင်နာဖို့ ကောင်းပါတယ် ။။ နင်အဲလို ထားခဲ့မယ်လည်းသိနှင့်နေပါတယ် .. ဝေဒနာဆိုပေမယ့် ငါက မက်မောတယ် ။ တွယ်တာမိသူမို့ လည်း နှစ်သက်စွာလိုလားတယ် နင့် နှလုံးသားကို ငါပိုင်ရမှ ငါ့အချစ်ကို နင်ရနေမှမဟုတ်ပါဘူး ။ ငါ အသက်ရှင်ရပ်တည်မှုတိုင်း မှာ နင်က ကပ်လိုက်နေတယ် ။ ထပ်တူမဟုတ်ပေမယ့် နင့် အသက်ရှသံလေး ငါ ကြားချင်နေသေးတယ် ။ ဘယ်လိုလဲ .... နင်ရယ် ... အချစ်က ချိုတယ် အလွမ်းလည်း ချိုပါတယ် ပြောမိတာလေးနဲ့  ငါ့ကို အလွမ်းဆိုတာ  အရမ်းခါးပါတယ် မှန်းသိအောင် ဒီလို လုပ်ရက်တယ်လို့  ဟာ ...... ။

                အမုန်းပဲ ခါးသီးတာ ခါးသက်တာပါ ။ ငါ တို့ ဆွေးနွေးတဲ့ အကြောင်းမှာ အမုန်းမှ မရှိခဲ့တာဟာ .. နင်ကို ငါ ချစ်နိုင်တာ ထက်ပိုမချစ်ပါဘူး .. ချစ်လို့ရတဲ့ အတိုင်းအတာနဲ့ပဲ ချစ်မိသူမို့  နင်ပေးသမျှ အလွမ်းတိုင်း ငါ့အတွက် လွတ်လပ်စွာ ခံစားရင် ချိုမြိန်ပါတယ် ။ အချစ်ဆိုတာ ကိုယ်တွေ့ ကြုံရတဲ့ ပေါ်မူတည်ပြီး ပြောကြတာ မဟုတ်လား ။ ပေးဆပ်တဲ့ အချစ် နဲ့ ချစ်လိုက်ရတဲ့သူကလည်း ပေးဆပ်တာ အချစ်တဲ့ ။ ရယူပိုင်ဆိုင်လိုတဲ့စိတ်နဲ့ ချစ်တော့လည်း ရယူဖို့ ပဲ အချစ်ဟာ ..  မြင်မြင်ချင်းချစ်မိတော့လည်း မြင်တာနဲ့စွဲလန်းလိုက်ရတာ အချစ်ပေါ့တဲ့ ....... ငါလို အလွမ်းအဆွေးနဲ့ ချစ်ရတာ ကရော ဘာလို အချစ်လဲလို့   နင့်ကို မမေးတော့ပါဘူး ဟာ...။

              နင်နဲ့မှ နားထောင်ဖြစ်ခဲ့တဲ့ မျိုးကြီး  ရဲ့   “ ရင်ခုန်စရာ ရှခင်း ” သီချင်းလို ချစ်သောသူနဲ့ ဘယ်သူများဝေးချင်မလဲ ဆိုတာ နင်ကိုယ်တိုင်းခံစားရသလို ပို့ လိုက်တဲ့သီချင်းမို့  ငါလည်း ထပ်တူခံစားပါတယ် ။ ကြယ်တွေ ကြွေတိုင်းလည်းဆုတောင်းတယ် ။ နင်ပြောသလို အလွမ်းက ခါးတယ်ဆိုတာ သက်သေပြဖို့  တို့ နှစ်ယောက် အဲလို ဝေးနေဖို့ မလိုဘူးလေ ။ နင်နဲ့ အဲလို လွမ်းရတာ ငါ မောနေပြီး ။ နင်ပြောဖူးတဲ့ အကြောက်ဆုံးဆိုတာ ကြောက်ရမှာ အကြောက်ဆုံးလို့  နင်ဖြေတာလေ .. နင်ကြောက်ရမှာ အလွမ်းပါ တကယ်က ။ နင်သိသင့်တယ် နင်လုပ်နိုင်သလောက်တော့ လုပ်ပါဟာ နေနိုင်သလောက်နေပေါ့နော် ..

                 အဲလို အလွမ်းက ချိုပါတယ် ပြောတာလေးနဲ့ စိတ်ကောက်စရာလား ဟာ .. ။ ဘယ်လို မှ မတွေ့နိုင်ရင်တောင် ၁၁ နာ၇ီလုံးစကားတွေ ပြောခဲ့ကြတယ် ။ ၃၀၄၈ ကြောင်း စာကြောင်းတွေ အလွမ်းနဲ့ ရှိနေကြတယ် .. ။ မမေ့နိုင်စရာ သီချင်းတွေ ရှိတယ် ..။ အခါခါပြန်နားထောင်လို့ ရတဲ့ Voice Mail တွေ အများကြီးရှိတယ် ။ လွမ်းတိုင်းကြည့်ဖို့  ဓာတ်ပုံလည်းရှိတယ် ။ ငါက ကျေနပ်တယ်လေ ။ နင်ရော ခံစားနိုင်ပါ၇ဲ့လား ... နင်က ခံနိုင်ရည်ရှိတယ်လို့  ငါ့ကို အမြဲ ပြောခဲ့သူပဲလေ .. နင်ခံနိုင်ရည်ရှိမှာပါ .. နင်သိတဲ့ အတိုင်းပဲ ငါပဲ မခံနိုင်တာ ခံနိုင်ရည်ရှိဖို့ အမြဲ ကြိုးစားနေရတာလေ .. နင်ပျော်ပါစေ လို့ ဆုတောင်းတိုင်း ငါ ငိုနေတယ် ..။

                   ငါ ငိုသံတိုင်းကို ကြောက်တယ် ဆိုတာ ဘာကြောင့်လဲ ။ ငါလည်းမငိုချင်ဘူး ။ ဒါပေမယ့် ငိုလိုက်မှ ပေါ့မယ့်အရာဆို ငိုလိုက်တာ ကောင်းတယ် ။ ငိုကြွေးတယ်ဆိုတာ အပြစ်ရှိလို့  နင်ပြောပြန်တယ် ငါ့ကို ။ မတတ်နိုင်ဘူး ဟာ ......... ။ အပြစ်ရယ် မဟုတ်ပေမယ့် အချစ်အတွက်တော့ လူတိုင်း ငိုဖူးပါတယ် .. ဒါဆို ငါလည်း ငိုတာ တရားပါတယ်နော် ။ ငါလွမ်းတယ် ဟာ ။ အကြိမ်ကြိမ်အခါခါ အဲအလွမ်းထဲမှာ ပြန်ခံစားရင် တစ်ကိုယ်တည်း ကြိတ်မှိတ်ဆွေး ငါကောင်းကောင်း နေတတ် အသားကျနေပြီး ...။
နင်လည်း နင့် နှလုံးသားကို မလိမ်တဲ့နေ့ ကြရင် ငါ ကို အပြူံး တစ်ပွင့်လောက်လက်ဆောင်ပေးသင့်ပါတယ် ။ ငါ အမြဲ ပြောတယ်လေ ... နင်မေ့နေတာလား ငါ့ကို မသနားနဲလို့  နင်က နင့် ရင်ဘတ်နာတာကို မေ့ဟန်လုပ်ပြီး ငါ့ ရင် က ဒဏ်ရာကိုတော့ ဆေးထည့်ပေးသူ ဖြစ်နေတယ် ။ နင် ငါ့ကို မသနားလိုက်ပါနဲ့ ။ ငါ ခံနိုင်ရည်မရှိလို့ ပါ ။

1 comment:

  1. အလွမ်းချို... အချိုလွမ်း
    တစ်လှမ်းပို အချစ်ကြွေးတွေကြောင့်
    တက်လမ်းကို မနှောင့်နှေးစေနဲ့
    အလွမ်းပေါ်က "လမ်း"

    လင်းဦး(စိတ်ပညာ)


    အဆင်ပြေပါစေ... လာဖတ်ပါတယ်။

    ReplyDelete