Thursday 31 March 2011

မိတ်ဆက်

ဒီနေ့ လေ ရင်တွေလည်း ခုန်နေတယ် ...၊
ပျော်လည်းအ၇မ်းပျော်တယ် စိတ်လည်း လှုပ်၇ှားနေတယ် ...၊
အဲဒီပတ်ဝန်ကျင်ကို ခဏခဏရောက်တယ် ရောက်တိုင်းလည်း မပြန်နိုင်ဖြစ်ရတယ် ကိုယ်လည်ပတ်ဖက်ရှုနေတဲ့ စာတွေထဲမှာ ပျော်တယ် ...။
 
စာရေးချင်တာကလွဲလို့  ဘာမှ မသိမတတ်တာကို အရိုးသားဆုံး ဝန်ခံပြိး နတ်သမီးဆီမှာ ဆုတောင်းတော့ ရလာခဲ့တယ် ...။
နာမည်လေးကလည်း မမျှော်လင့်ထားတဲ့ ” ရင်ထဲက မေတ္တာ ” တဲ့ ...။
ဟုတ်တယ် ....
သဘောအရမ်းကျတာ ၊တကယ်ကို မိဘနဲ့ သားသမီး ညီအကို မောင်နှမတွေ ချစ်ခင်သူတွေ မိတ်ဆွေ နဲ့ သူငယ်ချင်းတွေ အကြောင်းရေးချင်သူ အတွက် “ ရင် ထဲက မေတ္တာ “ ဆိုတာ တကယ်ကောင်းတဲ့ နာမည်ပါ ကြိုက်တယ် ။
လက်ဆောင်ပေးတဲ့ မမ အဖြူရောင်နတ်သမီး ကိုလည်း ချစ်ခင်ကျေးဇူးတင်ရင်း နဲ့ စာရေးချင်တာကလွဲလို့  ဘာမှ မတတ်သူပါလို့  ဝန်ခံပါတယ် ........ 
တကယ်ကို ပျော်နေတဲ့နေ့  ရင်ခုန်တဲ့နေ့  ကြည်နူးတဲ့ နေ့ပါ .....

3 comments:

  1. ညီမလေးရဲ့ လက်ရာများကို စောင့်မျှော်နေပါတယ်..။
    ညီမလေး အဆင်ပြေပါစေကွယ်..။

    ReplyDelete
  2. စာရေးတယ် ဆိုတာ စာရေးချင်စိတ် ရှိဖို့ပဲ လိုတာပါ။
    ကောင်းတယ် မကောင်းဘူး ဆိုတာကတော့ ကိုယ့်ဖာသာ အကြိမ်ကြိမ် ပြန်ဖတ်ပြီး ပြုပြင်သွားရင် ကောင်းလာမှာပါ။
    လက်ရာတွေ စောင့်ဖတ်နေပါ့မယ်။

    ReplyDelete
  3. ကြိုဆိုပါတယ်ရှင် အစဆိုတော့ အကိုနဲ့ မမပြောသလိုပါပဲ...
    အဆင်ပြေချောမွေ့ ပါစေလို့ဆုတောင်းရင်း
    အားပေးနေမယ့်....

    ReplyDelete