Friday 1 April 2011

ရင်ထဲက မေတ္တာ

မတွေ့ နေမမြင်နေမှ လွမ်းတာမဟုတ်ဘူး .......... တွေ့ နေမြင်နေလည်း လွမ်းရတယ်။
အနားမှာမရှိတော့မှ ချစ်မှန်းသိတာမဟုတ်ဘူး ........ အနားမှာရှိထဲက ချစ်မှန်းသိတယ် ။
မပိုင်ဆိုင်တော့မှ စွန့်လွတ်လိုက်တယ် ပြောတာမဟုတ်ဘူး ....... စွန့်လွတ်ရမယ်မှန်းသိလို့ ကို မပိုင်ဆိုင်ရလိုက်တာ တွေ ပြောရင်တော့ အားလုံးပေါ့ အများကြီးပဲ ။
မေတ္တာတွေပါ... ။
ဘာမှမလိုချင်ပဲနဲ့ကို ပေးဆပ်ချင်တာ၊ တကယ်ကို မျှော်လင့်ချက်အကျိုးတစ်စုံတစ်ရာမလိုချင်ပဲ ကူညီတာမျိုး ၊
သူပျော်သွားတာ သူပြည့်စုံသွားတာကို ကျေနပ်တာမျိုး ၊ သူမျက်နှာကိုငေးပြီး ပြည့်စုံတဲ့ ခံစားချက်မျိုး ၊ အဲတာတွေ အားလုံးက မေတ္တာတွေပေါ့ ။
မိဘနဲ့သားသမီးပဲ ဖြစ်စေ ၊ မောင်နှမသားချင်းတွေ ဖြစ်စေ ဇနီးမောင်နှံ့တွေ ဖြစ်စေ ၊ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်စေ ၊ ချစ်သူကြင်သူ မြတ်နိုးသူတွေ အားလုံးရဲ့ “ ရင်ထဲက မေတ္တာ”တွေက ပေးဆပ်ခြင်း အဖြူရောင် အကြည်ရောင်လေးပါ။

အဲဒီမေတ္တာအကြည်ဓာတ်လေး နဲ့ ချစ်ခင်စွာ နှုတ်ဆက်မယ် ပြုံးပြမယ် ၊ကူညီမယ် ၊မျှော်လင့်ချက်မထားဘူး မရယူရလည်းဖြစ်တယ် ပေးဆပ်မယ် လိုတာတွေနိုင်သလောက်ဖြည့်ပေးမယ်ဆို လောကကြီးက ပိုသာယာလာမယ် လူတွေက နေပျော်လာမယ် ရာသီဥတုတွေ ကောင်းမွန်လာမယ်....။

3 comments:

  1. ညီမလေးရေ...
    ညီမလေးရေးတဲ့ မဂ္ဂဇင်းထဲက ဆောင်းပါးတွေကို ကူးရေးလေ...၊
    အဲဒါလေးတွေကောင်းတယ်..။
    အားရင် ရေးပြီး ပို့ပေးထားနော်..။

    ReplyDelete
  2. ဟေ့..ငါမန်ဘာဝင်ခဲ့တယ်နော်..အားပေးမယ်..ငါ့ဆီလည်လာအားပေါ့ဟာ..http;//htarwayathitsar.blogsport.com

    ReplyDelete
  3. မတွေ့ နေမမြင်နေမှ လွမ်းတာမဟုတ်ဘူး .......... တွေ့ နေမြင်နေလည်း လွမ်းရတယ်။
    စာတွေလာဖတ်သွားတယ်နော်...မမ
    ...လိပ်ပြာ

    ReplyDelete